အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မွန်ပြည်နယ် ဘောလုံး အသင်းအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မရမ်းကုန်းရပ်၊ ငွေမိုးဟိုတယ် ကျင်းပခဲ့သည်။
Jan 25,2022
၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖလားကျေးရွာ ပေါင်းစုံချစ်ကြည်ရေး အမျိုးသား ဘောလုံး ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယမန်နေ့ ညနေ ၃နာရီ ၃၀ အချိန်မှစ၍ ရှမ်းအင်းတော်ကျေးရွာ အသင်းနှင့် တမုတ်ချုန်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းအင်းတော်ကျေးရွာအသင်းမှ တမုတ်ချုန်းကျေးရွာ အသင်းအား (၄ဂိုး-၁ဂိုး) ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရှိရသည်။
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊  မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့  နံနက်ပိုင်းက သေဒခံပြည်သူ ၉၉    ဦး လာရောက်ထိုးနှံကြောင်း သိရသည်။
Jan 24,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Jan 24,2022
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က နယ်လှည့် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သူများအား Covishield ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ်နှင့် သနပ်ကန်ကျေးရွာ ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။