Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းများ အကောင်အထည်…
Jan 25,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယမန်နေ့ နနက် ၉ နာရီအချိန်က လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌ ကွမ်းသီးစိမ်းများစျေးကောင်းရရှိ၍ ကွမ်းသီးခြံပိုင်ရှင်များ ဝင်ငွေကောင်းများရရှိ
Jan 25,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ကွမ်းသီးစိမ်းများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jan 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူရွယ်လူငယ်များအတွက် အသိ ပညာဗဟုသုတများရရှိ စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသ၊ စာအုပ်စာစောင် မိတ်ဆက်ခြင်းအစီစဉ်၊ ပုံပြောခြင်း၊ ကဗျာရွတ် ခြင်း အစီအစဉ်များနှင့် ဆေးရောင်ခြယ် အစီအစဉ်၊ အရုပ်ခေါက်/ ပန်းအလှခေါက် အစီအစဉ် များကို ရိုက်ကူး၍ နတ်တလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဝန်ဆောင်မှု ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jan 25,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဖြိုးဦးဆောင်၍ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက (အ.ထ.က-ပေါက်တော)ကျောင်းတွင် ကွင်းဆင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကစိုကျောင်းကြီး၌ (၁၄) ကြိမ်မြောက် ဝိပဿနာတရားပွဲ ဖွင့်လှစ်မည်
Jan 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု၊ ကစိုကျောင်းကြီး၌ (၁၄)ကြိမ်မြောက် ဝိပဿနာ တရားပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင် ပြပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲကျင်းပ
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲကို ယမန်နေ့က အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအသိပညာပေးလျက်ရှိ
Jan 25,2022
ပြည်ထောင်စုမြန်မာနိုင်ငံတော် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား အသိပညာပေးလျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဓာတ်အားချွေတာသုံးစွဲနိုင်မည့် အချက်အလက်များ နည်းလမ်းများအား ဗိနိုင်းပိုစတာဖြင့် အများပြည်သူများ မြင်လွယ်တွေ့ရှိပြီး လေ့လာမှတ်သား သိရှိဆောင်ရွက်နိုင်စေရေးအတွက် မြေစိုက်ဘုတ်များ၌ အသိပညာပေးပြသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22878
Page
22879
Page
22880
Page
22881
Current page
22882
Page
22883
Page
22884
Page
22885
Page
22886
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department