မိုင်းဖြတ်မြို့နယ်၌  ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊  ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည်တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့ နံနက်ပိုင်းက  ပါထွန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ကော်မတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ   ပါထွန်ကျေးရွာတွင်  မိုင်းဖြတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်မေလွင်က မိုင်းဖြတ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၅)ရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာများနှင့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများက ပူးပေါင်းဆောင်ရွက်စေလိုရေး၊ လမ်း၊ တံတား၊ မီးလင်းရေး စသည့်လုပ်ငန်းများနှင့်   ကျေးရွာနေပြည်သူများ စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းပညာများနှင့် သတင်းအချက်အလက်များကို ရှာဖွေလေ့လာနိုင်ရန်  အင်တာနက် (Wi Fi)စက်များ တက်ဆင်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပါထွန်ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေး နှစ်(၆)လဘတ်ဂျတ်တွင် ကျေးရွာဖွံ့ဖြိုရေးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်(၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ်(၂)သန်းဖြင့် အလျား(၄၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေ အတိုင်းအတာရှိ ကျေးရွာခန်းမဆောင် ဆောက်လုပ်နေမှုအခြေအနေနှင့် ဝမ်ဆာကျေးရွာ၌  ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျတ်တွင် ကျေးရွာဖွံ့ဖြိုရေးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်(၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၃.၅၀)ကျပ်သန်းဖြင့် လမ်းအရှည် (၇၀၀)ပေ၊အကျယ် (၁၀)ပေ၊ ထု(၆)လက်မအတိုင်းအတာရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)