ငဖဲ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ပြီးစီး ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၃လပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျင် ထောက်ပံ့ငွေကျပ် သုံးသောင်းထောက်ပံ့ပေးအပ် ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈)ဦး ၏နေအိမ်များသို့ သွားရောက်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြရာ စုစုပေါင်းထောက်ပံ့ငွေကျပ် ( ၈၉၄၀၀၀၀ )ရှိကြောင်း သိရသည်။
မယု(ငဖဲ)