ချီဖွေ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ် ၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ၌ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဦးဂွါဇာလေးက ယခုလို ကိုဗစ်-၁၉ ကာလတွင် ပြည်သူများအသိပညာ၊ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မိမိတို့ဌာနအနေဖြင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးဝေက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ရည်မှန်းချက်များနှင့် သဘယဝဘေးအန္တရာယ်ဖြစ်သည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး အန္တရယ်များ ဖြစ်ပေါ်လာပါက ရှောင်ရန်၊ဆောင်ရန်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)