အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၁၅)ဦးတို့သည် တနိုင်းမြို့သို့ ဇန်နဝါရီလ(၂၂)ရက် ညနေ(၃)နာရီအချိန် ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးအား လာရောက်တွေ့ဆုံ၍ တနိုင်းမြို့နယ် သူရိယပန်းတိုင် လူမှုကူညီရေးအသင်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် Mask ၊ PPEဝတ်စုံများ၊ Hand Spray ဆပ်ပြာရေ များ ပေးအပ်လှူဒါန်းခဲ့သည်။
Jan 25,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် ဧရာဝတီမြစ်နှင့်ယောချောင်းတို့တွင် ငါးဖမ်းရေ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ဆိပ်ကမ်းသာရေလုပ်သားများအနေဖြင့် ရေချိုးငါးရရှိမှုနည်းပါး၍ ဈေးကွက်တွင် မွေးမြူရေးငါး (ရေခဲ) ငါးများ အရောင်းအဝယ်သွက်လာကြောင်းသိရသည်။
Jan 25,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်ဦးခန့်ဇာ်၊ လက်ထောက်အတွင်းဝင်ဦးချိုထွန်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်ဦးသိန်းစိုးတို့လိုက်ပါလျက် ယမန်နေ့  ညနေ၅နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ရွှေညောင်တုန်းလယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်၏ ဝန်ဆောင်မှုစခန်းသို့ရောက်ရှိခဲ့သည်။
Jan 25,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ဆဌမအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့် တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိ ပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊  စာပေဗဟုသုတရရှိစေရန်  ရည်ရွယ်၍   Online မှတစ်ဆင့်   အသိပညာပေး အစီအစဉ်များကို   စဉ်ဆက်မပြတ်  ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  တိုင်းဆာ(ခ)မိုင်းသာရှမ်း စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုထားတဲ့ “ကျွန်တော့်အမျိုးလား “နှင့်”ကျောင်းတက်ချိန်” ပုံပြင် စာအုပ်အား   ရိုက်ကူးထုတ်လွှင့်  တင်ဆက်ခဲ့ကြောင်း   သိရသည်။
Jan 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 25,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။