အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘူးသီးတောင်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Jan 25,2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော (၁၀၀)ကေဗွီအေ ထရန်စဖော်မာနှင့် ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထတည်ဆောက်သည့် (၄၀၀)ဗို့ဓါတ်အားလိုင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့  ညနေ ၄ နာရီတွင် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု၊ တောင်စု(အရှေ့) ကျေးရွာဘက်စုံသုံးခမ်းမဆောင်နှင့် ကျေးရွာရွာလယ်လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့‎သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဗိုလ်ချုပ်လမ်းမကြီး၊ ရပ်ကွက်အတွင်း လမ်းမကြီးများနှင့် လမ်းသွယ်အမည် လမ်းညွှန်ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်းကို ယမန်နေ့က မြို့စည်ပင် သာယာရေး အဖွဲ့မှ ပြုလုပ်ခဲ့သည်။
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် စပ်ဆက်ဌာနအဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယမန်​နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့​ဆေးရုံရှိ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 25,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပခုက္ကူတက္ကသိုလ် ပင်မမုခ်ဦးဖွင့်ပွဲနှင့် ကတ္တရာလမ်းအသစ်ဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ အိုမီခရွန်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင် ကျေးရွာ ၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။