ပန်းတောင်းမြို့နယ်တွင် ရေပေးရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသည့် ရေပေးရေးလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းများအား ယမန်နေ့နံက်ပိုင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ထောက်ကြန့်ကုန်းကျေးရွာအုပ်စု၊ ကုတင်ကျင်းကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်းနှင့် ထက်မြတ်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကြိုးကြာ‌ ကျေးရွာအုပ်စု၊ ကြိုးကြာ‌ကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းများ သတ်မှတ်စံချိန်စံနှုန်းပြည့်မှီနိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားလိုက်နာဆောင်ရွက်ကြသွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)