တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

တနိုင်း    ဇန်နဝါရီလ ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အထဖြစ်စေရန်ရည်ရွယ် စာဖတ်စွမ်းရည်ပြုင်ပွဲ ကို ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲက ကျင်းပသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် တနိုင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-3 နှင့် Grade-4 ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးအား စာအုပ်များဖတ်စေပြီး (၁၂)ဦး ပါဝင်ယှဉ်ပြိုင် ကြရာ  ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝါဦးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မှ  ဆရာမများက  အသီးသီးချီးမြှင့်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅) ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်ဖြစ်သည့် နံရံကပ်စာစောင်အား ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဝါဝါ(တနိုင်း)