ဆားလင်းကြီးမြို့နယ်တွင် ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဆားလင်း  ဇန်နဝါရီ     ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား  မီးဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများပူးပေါင်း၍ ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါကလည်း ဆုံးရှုံးမှု လျော့နည်းစေရေး၊ မီးဘေးအန္တရာယ်ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ ပြည်သူများအနေဖြင့်  မီးငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ  ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး၍ အကြံပြုခဲ့ကြောင်း သိရသည်။

ဆားလင်းကြီး ၊ ပြန်/ဆက်