အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေးစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြုသီရိမင်္ဂလာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၃၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ 
Jan 27,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်စုစုပေါင်း(၁၄၁.၄၄၇) သန်းဖြင့် ဆောင် ရွက်သည့် တနင်္သာရီမြို့နယ်၊ ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်း ကွင်း ကျေးရွာချင်းဆက်လမ်း ၁၃/၃ မိုင် အနက် မြေလမ်း ၁/၅ မိုင် (အပြီးသတ်)ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းနှင့် ဘန်သဲကျေး ရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း  ၂/၀ မိုင် (ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်၊ ရေတားတမံအပါ) လုပ်ငန်း များ၏ ဆောင်ရွက်ပြီးစီးမှုများမှာရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးနေပြီးဖြစ် ကြောင်းတနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)ထံမှသိရသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ ညနေပိုင်းက စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာ ဆရာလယ်တွင်းသားစောချစ်၏ ၁၉၈၉-ခုနှစ်၊ အမျိုးသားစာပေဆုရ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေ းဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစု ဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်  မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက  မယ်ဇယ်ပင်ကျေးရွာ၌ သတ္တမ အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ်(၄၆၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၁-၂၀၂၂ ပထမ (၆) လ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသော ကြိုးကြာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvert လုပ်ငန်း (၃) စင်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသိန်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသံတိတ်သပိတ် (Silent Strike) နှင့်ပတ်သက်၍ပြည်သူများ သိရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှ ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေ(၆)နာရီအချိန်၌ မြို့နယ်တွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ဆောင်ရွက်ကြကြောင်းသိရသည်။