အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူ အချို့၏ ပြောကြားချက်များအရသိသည်။
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ ဝါဒဖြန့်လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေး ယူခံရနိုင်သဖြင့် အများပြည်သူများ ပါဝင်ပတ်သက်မှုမရှိစေရေး ယမန်နေ့ ည ၇ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား နည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြကြောင်းသိရသည်။
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းကို ယမန်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ရာ ယာဉ်လမ်းကြောင်းဖြတ်သန်းရာ ကမ္ဘာအေးဘုရားလမ်း(ဗိုလ်မင်းခေါင်လမ်းထိပ်မှဦးထောင်ဘိုအဝိုင်းလည်းကောင်း)၊ ဦးထောင်ဘိုအဝိုင်းမှဦးဝိစာရအဝိုင်းထိလည်းကောင်း၊ အလုံလမ်း(ဦးဝိစာရအဝိုင်းမှပြည်လမ်းအထိ)၊
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက် လာခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသာပွဲရုံပိုင်ရှင် ဒေါ်စိန်မြထံမှ သိရသည်။
Jan 27,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ရပ်ကွက်၄ ခုနှင့် လူအများသွားလာ ဝင်ထွက်နေသည့် လမ်းဆုံလမ်းဝများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
Jan 27,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လသာမြို့နယ်ရုံးတွင် ယ​နေ့ နံနက်(၁၀)နာရီအချိန်က မသန်စွမ်းသူများ၏ အခွင့်အ​ရေးဆိုင်ရာ Talk Show ​ဆွေး​​နွေးပွဲ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။