အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တာဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
Jan 27,2022
ကယားပြည်နယ်၊ ဘေလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူမှုကွန်ရက်များ၌ လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည (၈) နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
Jan 27,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာပထမအကြိမ်ကာကွယ် ဆေး ထိုးနှံပြီး သတ်မှတ်ရက်ပြည့်မြောက်သည့် ပြည်သူများကိုယနေ့နံနက် ၉ နာရီက ဘုတ်ဆုံမ အခမဲ့ ပညာဒါန ကျောင်းဆောင်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Jan 27,2022
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ အိုမီခရွန်( OMICRON ) COVID-19 မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့ မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ မောက်မယ်မြို့နယ် အတွင်းရှိ ပြည်သူများအား မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် ယမန်နေ့ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် မြန်မာ ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည်နိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 27,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီ ဖြစ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက သံဖြူဇရပ်မြို့မ မိခင်နှင့်ကလေး မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။