အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၅)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 27,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂-ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်တွင် ခေါင်လန်ဖူးမြို့နယ်၊ ထရီ၀မ်ဂေါင်ကျေးရွာအုပ်စု၊ ရခွီဖူးကျေးရွာ ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏ ၄၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 27,2022
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်(၈)နာရီက ညောင်ပင်သာကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Silent Strike (အသံတိတ သပိတ်)မပြုလုပ်ကြရန်အသိပေးပြောကြားခြင်းကို ယနေ့ နံနက် ၈နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ချက်များကို ယနေ့ နံနက် ( ၉ ) နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြည်သူများ အတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်မှုနှင့် အိမ်ထောင်စုလူဦး‌ရေစာရင်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ယနေ့ သိရသည်။