အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ​အပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်​ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက် ဖြင့် မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းအချိန်က အမှတ် (၈၊၉၊၁၀)ရပ်ကွက်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့တော်ခန်းမတွင် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik Light ကို ဇန်နဝါရီလ ၂၅ ရက်နေမှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးစုရပ် အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်းအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်း အဖွဲ့များက ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေး ကြေညာခြင်း၊ လက်ကမ်းစာ​စောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ည​နေပိုင်းက စတင်၍ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက "စားသုံးသူအခွင့်အရေးနှင့် တာဝန်" အကြောင်း Online အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ သည်။
Jan 27,2022
ကယားပြည်နယ်၊ ‌ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ၌ ကျင်းပသည်။