အုတ်ဖိုမြို့တွင် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

အုတ်ဖို  ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့တော်ခန်းမတွင် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik Light ကို ဇန်နဝါရီလ ၂၅ ရက်နေမှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များ၊ ကာကွယ်ဆေးတွင် ပါဝင်သည့် ပစ္စည်းများနှင့် ဓါတ်မတည့်သူများ၊ ပြင်းထန်ဓါတ်မတည့်ရောဂါ ရာဇဝင်ရှိသူများနှင့် လက်တလော ကူးစက်တတ်သောရောဂါ ခံစားနေရသူများနှင့် ဆိုးရွားလာသော နာတာရှည် ရောဂါရှိသူများမှအပ အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများကို ထိုးနှံပေးတာဖြစ်ပြီး အုတ်ဖိုမြို့နယ်အတွင်း လူဦးရေ ၁၆၀၀၀ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့အထိ (၁၃၅၅)ဦးအထိ ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ယနေ့တွင်လည်း ဆက်လက်ထိုး နှံပေးလျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇော်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လူမူကူညီရေးအဖွဲ့များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ