အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဆန်စပါးဖူလုံရေးအတွက်လာမည့်မိုးစပါးရာသီမှစတင်၍အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ(၂၆)ရက်နေ့က မချမ်းဘော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်တောင်သူများအား ပူတာအိုဒေသ ဆန်စပါးဖူလုံရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကိုတွေ့ဆုံ မေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့ပါသည်။
Jan 28,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ်သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jan 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒုတိယနေ့အဖြစ် မြို့မဈေးကြီးနှင့် အများပြည်သူသွားလာနေသော လမ်းဆုံများ၊ ရပ်ကွက်အတွင်းလမ်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ မြို့မ‌နေခြည်စျေး၊ သပြေကုန်း‌‌ဈေးနှင့် မြို့ပေါ်ရပ် ကွက်များရှိ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များအား  စနစ်တကျပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jan 28,2022
ရခိုင်ပြည်နယ် ရသ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ သည်။
Jan 28,2022
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 28,2022
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာခြင်းကို ယမန်နေ့ နေ့လည် ၁၂နာရီမှ စတင်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများတွင် ပြုလုပ်ခဲ့သည်။