တောင်ငူ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ထိုးနှံပေး

တောင်ငူ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးစုရပ် အမှတ်  ရပ်ကွက် ကေလဇာတီဘုရားဝန်းအတွင်း   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်း အဖွဲ့များက ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိသည်။ 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုနှုန်း တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လူဦးရေ ၃၀ ဦးကို ကာကွယ်ဆေး စတင်ထိုးနှံပေးသည်။

အဆိုပါစုရပ်၌ ထိုးနှံပေးရာတွင် အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အတွင်း ကာကွယ်ဆေး တစ်ကြိမ်မှထိုးနှံခြင်း မပြုလုပ်ရသေး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sputnik) အမျိုးအစားကို လာရောက်ထိုးနှံသူ ဦးရေ ၇၆ ဦးရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကာကွယ်ဆေးရရှိမှု ပေါ်မူတည်၍ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ လူဦးရေ ၁၀၀ နှုန်းဖြင့် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက်