အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီးအား ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ မြို့နယ် သံဃနာ ယက ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မေလဆန်းမှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လူမှုကွန်ရက်များနှင့် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်း ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေး နှိုးဆော် ခဲ့ကြသည်။
Jan 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လူမှုကွန်ယက်များတွင် လှုံ့ဆော်မှုအဖြစ် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက် အသိပေးကြေငြာခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့် လူစည်ကားရာဈေးပတ်လည်တွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
Jan 27,2022
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှုခြင်း၊ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ်ပရိသတ်များ၊ အသိပညာဗဟုသုတ ရှာမှီးနေကြသည့် ကလေးသူငယ်များ အတွက် ရည်ရွယ်၍ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အွန်လိုင်း(Online)မှတဆင့် အသိပညာပေး အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀နာရီက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စည်ပင်သာယာရေး နယ်မြေအတွင်း ဖွင့်လှစ် ရောင်းချလျှက်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ‌တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။