မရမ်းကုန်းမြို့နယ်၌ သတင်းထုတ်ပြန်ချက်အား အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်များဖြင့် လိုက်လံအသိ​ပေးနှိုးဆော်

မရမ်းကုန်း      ဇန်နဝါရီ          ၂၇

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ​အပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်​ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက် ဖြင့် မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းအချိန်က အမှတ် (၈၊၉၊၁၀)ရပ်ကွက်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိ​ပေးနှိုး​ဆော်ချက်များတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့်ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး (၁-၂-၂၀၂)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၆:၀၀)နာရီအချိန်ထိ မည်သူမျှ နေအိမ်ပြင်ပထွက်၍ သွားလာလှုပ်ရှားခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ မပြုဘဲ silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်နှင့် ၎င်းနေ့ (၁၆:၀၀)နာရီအချိန်တွင် သပိတ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းပြုမိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်သဖြင့် ထိုသို့လိုက်ပါပြုလုပ်ခြင်း မပြုကြရန်  စသည်အချက်များ ပါဝင်သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဇော်ဇော်​အောင်၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်များရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် ​အများပြည်သူ သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့ စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

​အေး​အေး​အောင်