အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့အဝင်တံတားကြီးနှင့်‌ လူစည်ကားရာနေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်း အဖွဲ့မှ ယနေ့နံနက်က ကံသာကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာအသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သရေကွင်း‌ကော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28,2022
ရခိုင်ပြည်နယ် သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဝန်း) သို့သွားရောက် ငှားရမ်းပေးခဲ့သည်။
Jan 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီ အချိန်ခန့်က မြို့ပေါ် (၄)ရပ်ကွက်တွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ နံနက်နှင့် ညတို့တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Jan 28,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့‌ကြောင်း သိရသည်။