မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) အသိပညာပေး (Talk Show) ကျင်းပ

မယ်စဲ့   ဇန်နဝါရီ  ၂၇

ကယားပြည်နယ်၊ ‌ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အထက်တန်းသူနာပြု ဆရာမဒေါ်နန်းစောလှက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါလက္ခဏာများ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေမှု အခြေအနေ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ အလှည့်ကျ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ စောစီးစွာ ကုသမှုခံယူရန်နှင့် ပြည်သူလူထုအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါက အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုနည်းနိုင်သမျှ နည်းသွားနိုင်မည်ဖြစ်ကြောင်းကို အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)