အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီ က မှော်တောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jan 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမအတွင်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို အဆိုပါခန်းမ အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ရန်ကုန်ုတိုင်း‌ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သွားလာကြသော ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ NUG၊ CRPH တို့ လှုံ့ဆော်မှုများအား မလုပ်ဆောင်ကြရန် ရပ်ကွက်/ ကျေးရွာများအထိ အသံချဲစက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 27,2022
စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နေ့လယ် ၁ နာရီက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောပြခြင်း ဆောင်ရွက် ပေးသည်။
Jan 27,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက တရနာအရှေ့ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Jan 27,2022
အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကွင်း ဆင်းဆောင်ရွက်ခြင်းကို တောင်ကြီးရပ်ကွက်တွင် ဇန်နဝါရီလ(၂၆)ရက် နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH, NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများလိုက်ပါ ဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က လူစည်ကားသည့် လမ်းဆုံမီးပွိုင့်များနှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။