ပြည် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက "စားသုံးသူအခွင့်အရေးနှင့် တာဝန်" အကြောင်း Online အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ သည်။
ယင်း Online အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ "စားသုံးသူတို့၏ အခွင့်အရေး (၈)ချက်နှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဖြည့်စွက်ဆွေးနွေး ပေးစေလိုသည့် အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ ရုပ်/သံဖိုင်အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page ၌ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်ပြုစေရန် ရည်ရွယ်ချက်ဖြင့် အလားတူ အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲများကို ကဏ္ဍစုံလင်စွာ လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်