သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်း အရာများဟောပြောခြင်း၊ လက်တွေ့သရုပ်ပြကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့၊ နံနက် ၁၀နာရီအချိန်က အမှတ်(၅)အ.ထ.ကခွဲ ကျောင်းဝန်း အတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်း မြို့နယ် အားကစားမှူး ဒေါ်ခင်ဆွေအေးက အားကစားနည်းများ ယှဉ်ပြိုင်ရာတွင် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြ ကစားနည်းများဖြစ်သော တိုက်ကွမ်ဒို ကစားနည်း၊ ဝူရှူးကစားနည်း၊ Fitness နှင့် Aerobic ကစားနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ အားကစား ပစ္စည်း(၅)မျိုးအားကျောင်းအုပ်ဆရာမကြီး ထံသို့ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး