ဘုတ်ပြင်း ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က အလယ်မန် ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းနှင့်၊ အိမ်ထောင်စုစာရင်းတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး၊“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသော ပန်းခင်းစီမံချက်လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် တက်ရောက် လာသူများအား အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စု၊ ရွာဟောင်း အပိုင်းတွင် ဖေဖော်ဝါရီ(၆)ရက်နေ့က နိုင်ငံသားစိစစ်ရေးကတ် လာရောက်လျောက်ထားသူ၊ လဲလှယ်သူ(၆၅)နှင့် အိမ်ထောင်စုစာရင်း ဆောင်ရွက်သူ (၂၁)စု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည် မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)