ကျောက်ကြီးမြို့ မြို့မစျေး၌ စျေးရောင်း စျေးဝယ်သူများအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

ကျောက်ကြီး၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် မြို့မစျေး၌ စျေးရောင်း စျေးဝယ်သူများအား ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့သည်။

အဆိုပါဆောင်ရွက်မှုအား မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဌာနဝန်ထမ်းများ၊ စျေးကော်မတီဝင်များက မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့်ပူးပေါင်းပြီး မြို့မစည်ပင် သာယာစျေးအတွင်း စျေးရောင်းချနေသူများနှင့် စျေးဝယ်လာသူများ စုစုပေါင်း(၇၀)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်