ဂွ ဖေဖော်ဝါရီ ၈
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဂွမြို့နယ် ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရွှေရည်ဝင်းကျော်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်စုမြတ်မိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသင့်ပုံ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၏အရေးပါပုံ၊ ပင်လုံစာချုပ်ချုပ်ဆိုမှုကြောင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ စသည့်ဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ရွှေရည်ဝင်းကျော်