မိုးနဲမြို့နယ်၌ အဋ္ဌမအကြိမ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနားယူ၊ အစားထိုးခြင်း အခမ်းအနား ကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း သာသနာ ၂၅၆၅ ခုနစ် ကောဇာသက္ကရာဇ် ၁၃၈၃ ခု မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း အဋ္ဌမအကြိမ်မြောက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနားယူ ၊ အစားထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ဝိဇ္ဇာရိယဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြို့နယ် သာသနာ ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး  ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်မှ နမော တဿ သုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။ အခန်းအနားမှူး ဆရာတော်မှ တက်ရောက်သည့် သံဃာအရေအတွက်ကို ဖတ်ထားလျှောက်ထားပြီး အခမ်းအနားအောင်မြင်ကြောင်း၊ ထို့နောက် အခမ်းအနား သဘာပတိ ဆရာတော်မှ အစည်းအဝေးဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ကာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှလည်း သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီးနောက် သဘာပတိဆရာတော်က မြို့နယ် သံဃနာယဂ ဆရာတော် ဘွဲ့အမည်စာရင်းကို ဖတ်ကြားပေးပြီး  အတည်ပြုပါက သာဓု သုံးကြိမ်ရွတ်ဆိုခဲ့ကြရာ မိုးနဲမြို့နယ်အတွင်းရှိ ဥက္ကဋ္ဌ တစ်နေရာ၊ အကျိုးတော်ဆောင် တစ်နေရာနှင့် အဖွဲ့ဝင် ၃ နေရာတို့ကို အတည်ပြု ခန့်အပ်ခဲ့ကြပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဝါဒကထာ မိန့်ကြားပြီး ဗုဒသာသနံ စိရန် တိဌတု သုံးကြိမ် ရွတ်ဆိုပြီး မြို့နယ် သံဃနာယဂ အဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ပြီးနောက် တက်ရောက်ကြသည့် ဘုန်းတော်ကြီးများနှင့် သံဃာတော်များကို ဆွမ်းနှင့် အချိုပွဲများ ကပ်လှူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နယ်  သိမ်တောင်ကျောင်းတိုက်  ဘဒ္ဒန္တတေဇဝန္တ ဆရာတော်ကြီး၊ သာသနာရေးဦးစီးဌာန တောင်ကြီးမြို့နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ သံဃနာယဂ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။။      

 ဇင်ကိုကို(ပြန်/ဆက်)