ကျိုက်လတ်မြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်

ကျိုက်လတ်  ဖေဖော်ဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမှတ်(၄) ရပ်ကွက်၉လမ်း ရွှေဧရာအောင်အားကစားခန်းယမန်နေ့ စတင်ယှဉ်ပြိုင်ခဲ့ကြရာ ယနေ့နံနက် ၁၁နာရီက ဗိုလ်လုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ အုပ်စု(က)တွင် အမှတ်(၆)ရပ်ကွက်အသင်း၊ အမှတ်(၃) ရပ်ကွက် အသင်း၊ အမှတ် (၁)ရပ်ကွက်အသင်းနှင့်အုပ်စု(ခ)တွင် အမှတ်(၄)ရပ်ကွက်အသင်း၊အမှတ်(၅) ရပ်ကွက် အသင်း ၊ အမှတ် (၂)ရပ်ကွက်အသင်း စသည့်အသင်း(၆)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပိုက်‌ကျော်ခြင်းအသင်း (၆)သင်းမှ အုပ်စုပတ်လည် ကစားခဲ့ကြပြီး၊ ဗိုလ်လုပွဲအနေဖြင့် အမှတ်(၅) ရပ်ကွက် အသင်းနှင့်အမှတ် (၁)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမှတ်(၅)ရပ်ကွက် အသင်းက အနိုင်ရရှိခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဖေဖော်ဝါရီလ(၉)ရက်နေ့မြို့နယ် အားကစားကွင်းတွင် ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်