ကျိုင်းတုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဟိုနားရွာ၊ ဓမ္မအလင်းစာကြည့်တိုက်တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ  ရဲအုပ်ကျော်သန်းနိုင်နှင့် ရဲတပ်ကြပ်ကြီး သီဟဇော်တို့က လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရွှေ့ပြောင်းသွားလာရာမှ လူကုန်ကူးမှုခံရပုံအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဒေသခံပြည်သူများအား အသိပညာပေးဟောပြောပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ထို့နောက်  ဟောပြောပွဲတက်ရောက်လာသော ပြည်သူများနှင့်အတူ အမှတ်(၁၈)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့ဝင်များက ဟိုနားရွာ၊ အာခါဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဆုတောင်ပြည့်စေတီတော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)