အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်း အဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးမျိုးဝင်းထံက သိရသည်။
Feb 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝ န်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံး ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က တော်ခရမ်း အနောက်ကျေးရွာအုပ်စု၊ မြတ်လေးရုံဘုန်းကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Feb 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောက်ရွက်ပေး လျက်ရှိရာ ပြည်သူ(၅၄၃၇၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။
Feb 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ရစ်လော်ခေါင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်ပိုင်း၁၀ နာရီ ခွဲ အချိန်က စတင်ယှဉ်ပြိုင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 09,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများထိုးနှံ ပေးလျက်ရှိရာ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၂၂ဦးအား ပထမအကြိမ် CoviShield အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
Feb 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ (၂၅)ရာခိုင်နှုန်း အနားယူ/အစားထိုးရွေးချယ်ခြင်းနှင့် ဆဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထနှစ် ပတ်လည် မျက်နှာစုံညီအစည်းအဝေးကို၊ ဖေဖော်ဝါရီ (၈)ရက်နေ့ မွန်းလွဲ(၂)နာရီက မြိုဦးအောင်စေတီဝန်းအတွင်းရှိ စကားဝါဗိမ္မာန်တော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။