အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လ.ဝ.ကရုံး အနောက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြကန္တာရပ်ကွက် အဆိုပါလမ်း မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Feb 09,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဖွင့်လှစ်လျက် ရှိသော ပြည်သူ့စာကြည့်တိုက်တွင် အသုံးပြုနိုင်ရန်အတွက် စတီးစာအုပ်စင်(၃)စင်ကို ယမန်နေ့က ပုလောမြို့နယ် ပြည်သူ့ စာကြည့်တိုက်တွင် လာရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် သမဝါယမ ဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရာ ယနေ့ နံနက်(၉) နာရီ က ပုလောမြို့ အမှတ် (၄)ရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကွင်းဆင်း ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Feb 09,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ် ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် အလယ်တန်းအဆင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
Feb 09,2022
ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက၊ ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်၏ အန္တိမအဂ္ဂိ စျာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက ကမာဝက်မြို့ သင်္ချိုင်းကြီးရှိ ဘုန်းကြီးပျံ နတ်ဗိမာန်ပြာသာဒ်တွင် ဆင်ယင်ကျင်းပသည်။
Feb 09,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။