အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Feb 09,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီး ခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
Feb 09,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 09,2022
စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်၊ မွန်းလွဲပိုင်းကတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 09,2022
ကျိုက်ထိုမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သော အဖွဲ့များသည် ဖေဖော်ဝါရီ (၈)ရက်နေ့တွင် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးအား Booster Dose (တတိယ)အကြိမ် Sputnik Light အား ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 09,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ဒေးပေါက်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ဒေးပေါက်အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Feb 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အန္တရာယ်မရှိစေရေးအတွက် ဗလီကွင်းကျေးရွာအဝင် သင်းတွဲမြောင်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား ပြန်လည်ပြုပြင် တည်ဆောက် လုပ်ပေးလျက် ရှိကြောင်းသိရှိရသည်။