ချီဖွေ ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ရစ်လော်ခေါင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်ပိုင်း၁၀ နာရီ ခွဲ အချိန်က စတင်ယှဉ်ပြိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ၌ ချီဖွေမြို့နယ်အတွင်းရှိ အားကစားသမားများ ဥက္ကပ်ရပ်ကွက် (၁) သင်း၊ ပြည်သူ့စစ်( ၁) သင်း၊ရစ်လော် ခေါင်ရပ်ကွက် (က)၊(ခ) ဖြင့် ( ၂ )သင်း၊စစ်ရှောင် (က) ၊ (ခ )ဖြင့် (၂)သင်း၊ G A D (၁)သင်း နှင့် 105( ၁) သင်း စုစုပေါင်း (၈) သင်း အုပ်စု (၂) တို့ဖြင့် နံနက်ပိုင်း ၁၀ နာရီ ခွဲ တစ်ကြိမ် ၊ ညနေပိုင်း( ၃) နာရီ တစ်ကြိမ် တစ်နေ့လျှင် ပတ်လည် စနစ်ဖြင့် (၄) သင်း (၂)ကြိမ် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား ဖေဖော်ဝါရီလ (၁၂) ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)