မြို့သစ်မြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများ ဝယ်ယူအသုံးပြုသူ ပုံမှန်ရှိ

မြို့သစ် ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်း အဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးမျိုးဝင်းထံက သိရသည်။

“ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိကရောင်းအားကောင်းတာ ကကွန်ကရစ်သံဖိနပ်တိုင်၊ ကွန်ကရစ် ကျောက်တိုင်နဲ့ ရေကန်များဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကျေးလက်လမ်းများ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပြွန်များလည်းရပါတယ်။ ကုန်ကြမ်းစျေးများ သိသိသာသာ စျေးတက်ခဲ့သော် လည်း ရောင်းစျေးကိုတော့ ဝယ်လိုအားအပေါ် မူတည်ပြီး ဈေးအနည်းငယ်သာတက်ခဲ့ပါတယ်၊ ဆိုင်ကို မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာ ဖွင့်ထားပါတယ်” ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦးမျိုးဝင်းက ပြောသည်။

ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်(အကြီး/အသေး) ကွန်ကရစ်ရေကန် (အကြီး/အသေး) ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ မိလ္လာသုံးကျောက်ပြားနှင့် အခြား အော်ဒါမှာယူသော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)