ကွမ်းခြံကုန်း ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝ န်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံး ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က တော်ခရမ်း အနောက်ကျေးရွာအုပ်စု၊ မြတ်လေးရုံဘုန်းကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တော်ခရမ်းအနောက်ကျေးရွာ အုပ်စုမြတ်လေးရုံသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၇)ဦးနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၇)ဦး၊ လဲလှယ်(၈)ဦး၊ မိတ္တူ(၄၃)ဦး စုစုပေါင်း(၈၅)ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်ကျေးရွာများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးခေတ္တမြို့နယ်မှူး လက်ထောက် ညွန်ကြားရေးမှူး ဦးထင်အောင်ထံမှ သိရသည်။
ဆွေနွယ်