ကျောက်ဆည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောက်ရွက်ပေး လျက်ရှိရာ ပြည်သူ(၅၄၃၇၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းပြီး အိမ်အရောက် စာရင်းများ ကောက်ယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်မရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက်(၈)နာခွဲက အဖွဲ့များခွဲကာတံစိုး၊ ရွာပုလဲ၊ ကောင်းတင်၊ ဒွေးလှ၊ သရက်ပင်၊ သမန်းသာ၊ တောင်နောက်၊တောင်လွှဲ၊ အင်ရောင်း၊ မြင်းတွင်း၊ ရှမ်းတောင်ဦး၊ ကျေးရွာများသို့ ကွင်းဆင်းခဲ့ပြီး အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်း ပြည်သူ(၂၀၄၈)ဦးနှင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၁၂၃၂၈)ဦး စုစုပေါင်း(၅၄၃၇၆)ဦးအား နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)