သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲကျင်းပ

သုံးခွ ဖေဖော်ဝါရီ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ‌ ဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ပြည်‌ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းနှင့်ဗိုလ်ချုပ်အောင်‌ဆန်းနှင့် တိုင်းရင်းသား ခေါင်း‌ဆောင်(၂၃)ဦးတို့ သမိုင်းဝင် ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးခြင်း အကြောင်းအရာများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာပုံ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဒုတိယပိုင်း အနေဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်း‌ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင် ကြပြီး "စည်းလုံးညီညာ‌ အောင်ကြောင်းဖြာ‌" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက်အ.ထ.က ၁ ကျောင်းမှ မမေဘုန်းထက် (ပထမဆု)၊ မသိမ့်ထိုက်ထိုက်ဝင်း အ.ထ.က(မြို့မ) (ဒုတိယဆု)နှင့် မပြုံးအိဇင် အ.ထ.က (မြို့မ)ကျောင်းမှ (တတိယဆု) ရရှိကြပြီး တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။ ထို့နောက် အထိမ်းအမှတ်‌နေ့ဖြင့် ပြသထားသော စာအုပ်ပြပွဲကို တက်ရောက်လာကြသော ဆရာ/ဆရာမ များနှင့် women club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်  စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်