ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တိုက်နယ်ဆေးရုံဝင်း၌ ဖေဖော်ဝါရီလ၁၀ရက် နံနက်၉ နာရီက ကျိုက်ဒုံမြို့၊ သံဃာ့နာယကဩဝါဒ ဆရာတော်များ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျေးရွာနေပြည်သူများမှ စုပေါင်းလှူဒါန်းဆောက်လုပ်ထားသည့် သံဃာ့ဆေးကုသဆောင် လွှဲပြောင်းပေး အပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနာကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ဒုံမြို့သန္တိသုခကျောင်းတိုက်မှ သံဃာ့နာယက ဩဝါဒဆရာတော်ထံတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်ဌာနဆိုင်ရာများ၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်များက ငါးပါးသီလခံယူခြင်း၊ တောင်ပေါ် ကျောင်း ဆရာတော်မှ တရားတော်များ မွတ်ကြားခြင်း၊ သံဃာတော်များမှ ဘုရားနေကဇာတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပဋ္ဌာန်းတရားတော်များအား ၂၄ နာရီ ရွတ်ဖတ် သရဇ္ဇျာယ်ပြီး ရေစက်သွန်းချအမျှဝေကာ သံဃာ့ဆေးကုသဆောင်အား မြို့အုပ်ချုပ်ရေးမှူးမှ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦး ထံသို့ လွဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်