ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ကရသူရိ ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၄)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်းမှ မူလ တန်းအဆင့်ကျောင်းသား/သူများအား အသိပညာဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေပြီး စိတ်ဓာတ်ခွန်အား ထက်မြက်စေရန်၊ အချင်းချင်းရင်းနှီး ချစ်ခင်စည်းလုံး စေရန်နှင့်ကျန်းမာပျော်ရွှင်စေရန်အတွက် စိတ်ပျော်လန်းဆန်းစေသည့် ခုံလုပြိုင်ပွဲ၊ ခွက်သယ်ပြိုင်ပွဲနှင့် ပူးပေါင်းညှက်ပြိုင်ပွဲစသည့် မိမိနှစ်သက်ရာ အားကစား ပြိုင်ပွဲများဖြင့် ဝင်ရောက်ယှဉ် ပြိုင်ကစားကြရာ ဆုရရှိသူများကို မြို့ဦးစီးမှူးက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ-ကရသူရိ(ပြန်/ဆက်)