ကလိန်အောင် ဖေဖော်ဝါရီ ၁၀
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် မှတ်သားအတုယူနိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စု တိုင်းရင်းသားများပျော်စရာ တို့မြန်မာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်သူ ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မိုးမိုးခိုင်