တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးများဆောင်ရွက်

တီးတိန်   ဖေဖော်ဝါရီ    ၁၀

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိနးချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်ရေးများ ယမန်နေ့က ဆောင်ရွက်ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပြုလုပ်ရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်၊ ကာကွယ်ဆေးထိုးနှံရမည့် နေ့ရက်များအား အများပြည်သူသိရှိနိုင်ရေးအတွက် မြို့ပေါ်၌ အသံ ချဲ့စက်နှင့် နှိုးဆော်အသိပေးခြင်း၊ လူစည်ကားရာနေရာများဖြစ်သော လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ ဈေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ရေး အသိပေးခြင်း စသည်များ ကွင်းဆင်းဆောင်ရွက်ကြသည်။ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၇၀)ဦး ကျန်းမာရေးဆေးကုသမှုခံယူလျက်ရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ဒိုင်းဒိမ့်(ပြန်/ဆက်)