ကျိုက်လတ် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား မြို့နယ်အားကစားကွင်းတွင် ဇန်နဝါရီ (၃၀)ရက်နေ့မှ စတင်၍ ကျင်းပခဲ့ရာ ယမန်နေ့ ညနေ (၅)နာရီက ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအသင်း၊ မြို့မ(၁)အသင်း၊ မြို့မ(၂) အသင်း၊ မြို့မ (၃)အသင်း၊ မြို့မ(၄)အသင်း၊ မြို့မ(၅)အသင်း၊ ရုံးဒေါင့်စခန်း နယ်မြေအသင်း၊ အောက်ဆင်ကူး စခန်းနယ်မြေ အသင်း၊ ကျုံလမု စခန်းနယ်မြေအသင်း၊ သမတ်ပြေစခန်းနယ်မြေ အသင်းစသည့် အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဒိုင်းဆုကို မြို့မ(၄)အသင်း၊ ဒုတိယဆုအား မြို့မ(၂)အသင်းနှင့် တတိယဆုအား ရုံးဒေါင့်စခန်းနယ် မြေအသင်းတို့က ရရှိခဲ့ကြောင်းနှင့် ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု၊ အနောက်တန်း ကစားသမားဆု၊ အလယ်တန်း ကစားသမားစု၊ အရှေ့တန်း ကစားသမားဆုများ၊ ဂိုးသွင်းအများဆုံး ကစား သမားဆု၊ အကောင်းဆုံး ကစားသမားဆုများနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုရရှိသူများ၊ Ground တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင်ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်