မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မင်္ဂလာဒုံ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အ..က() ကျောင်းရှိ အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်နှင်းဝေမင်း ဦးဆောင်သော အဖွဲ့က မင်္ဂလာဒုံ မြို့နယ်၊ အ..က()ကျောင်းရှိ အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၈၂)ဦး၊ လဲလှယ်()ဦး၊ မိတ္တူ()ဦး၊ စုစုပေါင်း(၈၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင်မင်္ဂလာဒုံမြို့နယ်၊ ကျောင်းများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဆောင်ရွက်ရ သေးသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရ သည်။

သန္တာ(ပြန်/ဆက်)