ဒဂုံ ဖေဖော်ဝါရီ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့(၁၁-၂-၂၀၂၂) ရက်နေ့ နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show)ကို စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို နောင်လာနောက်သားများ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းက ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဘာလဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏ အရေးပါပုံ၊ ပင်လုံစာချုပ်မချုပ်ဆို မီတောင်တန်းဒေသ စုံညီအစည်းအဝေး ကျင်းပခဲ့ပုံများကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
မိုးမိုးခိုင်