ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (အကြို)ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ကွတ်ခိုင် ဖေဖော်ဝါရီ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွတ်ခိုင် မူလတန်း ကြိုကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခမ်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကွတ်ခိုင်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ် (၁၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် သားငယ်၊ သမီးငယ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်း၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်လင်း၊မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်ဥက္ကဌဒေါ်စန္ဒာထွန်းကျော်စွာနှင့်

အဖွဲ့ဝင်များက ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပြီး သားငယ်သမီးများအား အာဟာရနွားနို့နှင့် မုန့်ကျွေး မွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ဌေးဌေးဝင်း(ကွတ်ခိုင်)