ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကင်း ဖေဖော်ဝါရီ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက် မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ရန်ကင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေမှာ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရောဂါကူးစက်မှုအား စတင်တွေ့ရှိခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ (၄၀)ဦးခန့် ရှိလာပြီဖြစ်ကြောင်း၊ အတည်ပြုလူနာများ ထားရှိမည့်စောင့်ကြည့် ကုသ ရေးစင်တာများ ဖွင့်လှစ်ဆောင်ရွက်ရမည့် အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမည့် အခြေအနေများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီသီလတ်က အတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက် လာသည့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကူးစက်ခံရသည့် အတည်ပြုလူနာများနှင့် ဆက်စပ်ထိတွေ့သူများအား ကူညီဆောင်ရွက်ပေး မည့် အခြေအနေများ၊ စောင့်ကြည့်ရေးစင်တာဖွင့် လှစ်နိုင်ရေး အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ရန်ကင်းမြို့နယ်နေ လူဦးရေ၏ (၉၀)ရာခိုင်နှုန်းခန့် ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

လှလှထွေး(ပြန်/ဆက်)