ပုသိမ် ဖေဖော်ဝါရီ ၁၂
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲဆုနှင်းပွဲကို ၂၀၂၂ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နေ့လည်ပိုင်း အချိန်က ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ သန်းထိုက်က ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူစာရင်း အား ကြေညာသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီးဆုရ ရှိကြသူများကိုယ်စား ပထမနှစ်မဟာဝိဇ္ဇာ မြန်မာစာကျောင်းသူ မငြိမ်းငြိမ်းက ကျေးဇူးတင်စကားပြောကြားကာ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
ပုသိမ်တက္ကသိုလ်အနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် (၇၉) ဦး၊ ကဗျာပြိုင်ပွဲတွင်(၃၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် (၃၄)ဦး၊ ကျဘမ်းစကား ပြောပြိုင်ပွဲတွင် (၂၂)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၇)ဦး ဝင်ရောက်ယှဉ် ပြိုင်ကြပြီး တစ်နိုင်ငံလုံး တက္ကသိုလ် ကောလိပ်အဆင့် ပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ်မှ စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယ၊ ကဗျာပြိုင်ပွဲတွင် ဒုတိယတို့ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)