ညောင်ဦး ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက် ၅ နာရီခွဲချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရ သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အလံတင်အခမ်းအနား တက်ရောက်လာကြသူများမှ နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား လွှင့်တင်၍ အလေးပြုခဲ့ကြပြီး နိုင်ငံတော် အလံတင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုထိန်၊ KPD